V.ROHTO DRY EYE

မျက်ရည်ခမ်းခြောက်ပြီးညောင်းညာနေသောမျက်စိအားပြန်လည်စိုစွတ်ချောမွေ့စေသောမျက်စဉ်းဆေး ဖြစ်ပါသည်။

မျက်ရည်ခမ်းခြောက်ခြင်းဆိုသည်မှာ Tear Film ထိခိုက်ပျက်စီးခြင်းကြောင့်မျက်စိအပေါ်ယံအလွှာ ကိုထိခိုက်မှုဖြစ်ပေါ်ခြင်းဖြစ်သည်။

V.ROHTO DRY EYE တွင်မျက်စိအပေါ်ယံလွှာကိုအမြဲစိုစွတ်စေပြီးမျက်ရည်ခမ်းခြောက်ခြင်းမဖြစ်ပေါ်အောင်ပြုလုပ်ပေးသောHydroxymethylcelluloseပါဝင်ပါသည်။

မျက်ရည်ခမ်းခြောက်ခြင်းအတွက် မျက်ရည်တုအဖြစ် ဆောင်ရွက်ပေးပြီးမျက်စိအားချောမွေ့စိုပြေစေသည်။မျက်ကြည်လွှာအားချောမွေ့စေသည်။

ခြောက်သွေ့နေသောမျက်ဝန်းအားစိုစွတ်စေသည်၊အမြင်အာရုံဝေဝါးခြင်း၊မျက်ကပ်မှန်တပ်ခြင်းကြောင့်မျက်စိညောင်းညာခြင်းတို့အတွက်အသုံးပြုနိုင်ပါသည်။

V.ROHTO DRY EYE ကိုမျက်ကပ်မှန် တပ်ထားစဉ်တွင်လည်းအသုံးပြုနိုင်ပါသည်။

ရေတိမ်ရှိသူများနှင့်ဆေးအတွင်းပါဝင်ပစ္စည်းများနှင့်ဓာတ်မတည့်သူများအသုံးမပြုသင့်ပါ။

Share this: